Volgende

သန့်ဇင် ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့် - BBC News မြန်မာ

1 Bekeken· 01/26/25
ADTUBE
ADTUBE
abonnees
0
In Sport

ဒီကနေ့ ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ONE Championship Friday Fight ပွဲစဥ် Catch weight တန်းအဖြစ် မြန်မာဖိုက်တာ သန့်ဇင်နဲ့ ထိုင်းက ဆူရီယန်လက်တို့ ယှဥ်ပြိုင်ခဲ့ကြရာမှာ ပထမအချီမှာ သန့်ဇင်က သူ့ရဲ့ အားပါတဲ့ ခြေကန်ချက်တွေနဲ့ တိုက်စစ်ဆင်ခဲ့ပြီး တွဲလက်သီးတွေပါ တလစပ်ထိုးနိုင်ခဲ့လို့ ဆူရီရန်လက်ကို အနားမကပ်နိုင်အောင် ထိန်းနိုင်ခဲ့ပါတယ်။ ဒုတိယအချီမှာတော့ ဆူရီယန်လက်က အနီးကပ်ဝင်ပြီး ပြင်းထန်တဲ့ လက်သီးတွေနဲ့ ထိုးခဲ့လို့ သန့်ဇင်အထိနာပြီး ဒိုင်အမှတ်ရေ ခံရပါတယ်။ သန့်ဇင်က ခြေကန်ချက်တွေနဲ့ တိုက်ခိုက်ပေမဲ့ ဆူရီရန်လက်က ချက်ကောင်းစောင့်ပြီး အနီးကပ်လက်သီးတွေ ထိထိမိမိထိုးခဲ့လို့ သန့်ဇင်လဲကျပြီး ဒိုင်အမှတ်ရေတာ နှစ်ခါခံခဲ့ရအပြီး နောက်တစ်ကြိမ်မှာတော့ ဒိုင်ကပွဲကို ရပ်လို့ ဆူရီယန်လက်ကို အနိုင်ပေးလိုက်ပါတယ်။
Video Courtesy of ONE Championship

#ဘီဘီစီမြန်မာပိုင်း #သန့်ဇင် #onechampionship #မွေထိုင်း #မြန်မာ

Laat meer zien

 0 Comments sort   Sorteer op


Volgende